ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း


လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း (၂၄-၇-၂၀၂၄)ရက်နေ့မှ (၄-၈-၂၀၂၄)ရက်နေ့အထိ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီရေဘေးရှောင်စခန်း (၃၇)စခန်းသို့ ကြို့တင်ပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စု (၆၇၇)စုမှ လူဦးရေ (၂၄၈၅)ဦးအတွက် ဆန်ရိက္ခာ(၁)လစာရန်ပုံငွေ (၂၂၃၆၅၀၀ိ/-)ကို (၂၀-၈-၂၀၂၄)ရက်နေ့ (၁၀း၀၀)နာရီအချိန် တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_fld

#ayy_aug_2024

Source:  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)



Source link

Post a Comment

Previous Post Next Post