စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: သခွားသီးသုပ်


ဒီနေ့တော့ မာမာ သခွားသီးသုပ် စားချင်တာနဲ့ ပုဇွန်ခြောက် အကောင်လေးတွေကို မညက်တညက် ထောင်းပေးကာ ခပ်စပ်စပ်လေး သုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သခွားသီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး အလုံးကြီးကြီး – တစ်လုံး (တစ်ကီလိုခွဲခန့်)
  2. ကြက်သွန်နီ – အနေတော် တစ်လုံး
  3. နံနံပင် – နှစ်သက်သလောက်
  4. ပုဇွန်ခြောက် – ၁၅ကောင်ခန့်
  5. အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်သီးစိမ်း – မိမိစားနိူင်သလောက်ထည့်ပါ
  7. ကြက်သွန်ဖြူ – အမွှာကြီးကြီး ဆယ်မွှာ
  8. ငရုတ်သီး အလှော်မှုန့် – ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. သံပုရာသီး – တစ်လုံး

ပြင်ဆင်ပုံ

  • သခွားသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး သခွားခြစ်နှင့် ခြစ်ထားပါ
  • အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ပေးကာ မညက်တစ်ညက် ထောင်းပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို မီးကင်ပြီး အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တညက် အနေအထားရအောင် ထောင်းပေးပါ

သခွားသီးသုပ်ပုံ

  • ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သခွားသီး သံပုရာရည် ကြက်သွန်နီ နံနံပင် ပုဇွန်ခြောက်ထောင်းနှင့် ငရုတ်သီး စိမ်းထောင်း တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • သခွားသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ သခွားသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။



Source link

Post a Comment

Previous Post Next Post